တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကယားပြည်နယ်လွိုင်ကော်မြို့ ပြည်နယ်ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၃၀-၁၀-၂၀၂၅) ရက်နေ့တွင် ဒုတိယပြည်နယ်ဦးစီးဌာနမှူးနှင့် မြို့နယ်တိုင်းရင်းဆေးမှူးတို့သည် ပြည်နယ်ဘိုးဘွားရိပ်သာလွိုင်ကော်မြို့သို့ ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ခဲ့ရာတွင် ကျား (၁၀)ဦး၊ မ (၂၅)ဦး၊ စုစုပေါင်း (၃၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

