the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြိုနယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

ကချင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြိုနယ် တိုင်းရင်းဆေးကုဌာနမှ (၂၈-၁-၂၀၂၆) ရက်နေ့တွင် ကွင်းဆင်းဆေး ကုသရေး အဖွဲ့သည် မြစ်ကြီးနားမြို ရွက်လှမြိုင် အ.မ.က သိုကျောင်းကျန်းမာရေး ကွင်းဆင်းခြင်း ဆောင်ရွက်ခဲ့ပြီး မြိုနယ်တိုင်းရင်းဆေးမှူး     ဒေါ်လဲ့လဲ့ဖြူ  ကသန်ကောင်၊ တုတ်ကောင်အကြောင်း သိကောင်း စရာများနှင့် လ/ထ တိုင်းရင်းဆေးမှူး ဒေါ်သောင်းဘလက်ဇင်မီး ကဝမ်းပျက်ဝမ်းလျှော အကြောင်းသိကောင်းစရာများဟောပြောခဲ့ပြီး  ဟောပြောပွဲသိုစုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ ပါသည်။ ဆက်လက်၍ လူကြီး (က) ၃ ဦး၊ လူကြီး (မ) ၁၀ဦး၊ကလေး(က) ၂၃ ဦး၊ ကလေး (မ) ၂၄ဦး ၊စုစုပေါင်း ၆၀ ဦးတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးဝါးကုသခြင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ