ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြိုနယ်တိုင်းရင်းဆေးကုဌာနမှ ကွင်းဆင်းဆေး ကုသရေးအဖွဲ့သည် မိုးကောင်းမြို အထက်ရေရှင် ဘိုးဘွားရိပ်သာ ဆောင်းရာသီ တရားခန်းသို သွားရောက်၍ ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ရာ ကျား (၅)ဦး၊ မ (၃၄)ဦး၊ လူနာ စုစုပေါင်း (၃၉)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

