တိုင်းရင်းဆေးပညာဦးစီးဌာန ဆေးဝါးနှင့်ဥယျာဉ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်း နှင့် သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်ဦးတို့သည် ၂၁-၃-၂၀၂၄ ရက်နေ့တွင်
ကရင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ခုတင် (၅၀)ဆံ့ ဘားအံ တိုင်းရင်း ဆေးရုံတွင် တပေါင်းလပြည့်နေ့ တိုင်းရင်းဆေးသမားတော်များနေ့ အခမ်းအနားနှင့်အတူ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှကြီးမှူးကျင်းပသော စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာ ပေးရေးအစီအစဉ် (CTME)ကို ၂၂-၃-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁း၀၀)နာရီအချိန်တွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ပုသိမ်မြို့၌ ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းမှ ဆရာကြီးဦးသိန်းထွန်းဝင်းက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်းမှဆောင်ရွက်ခဲ့ပါသည်။
Online Media များတွင် ရောင်းချနေသော Body Art အမှတ်တံဆိပ် ဆေးများအား သုံးစွဲရန်မသင့်ကြောင်း အများပြည်သူသိရှိရန် အသိပေးကြေညာအပ်ပါသည်-
တပေါင်းလပြည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုပါသည်-
ဒေါက်တာစုစုဒွေး
ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန