the republic of the union of myanmar

ministry of health

Department of Traditional Medicine

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများ

 

၁။တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် Ministry of AYUSH (India)၊ Institute of Natural Medicine, University of Toyama(Japan)၊ NIKOM (National Development Institute of Korean Medicine)(Korea)၊ Yunnan University of Traditional Medicine (China) တို့ကြား တိုင်းရင်းဆေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ MOU များ လက်မှတ်ရေးထိုး နိုင်ရန်ဆောင်ရွက်ခြင်း။

 

၂။တိုင်းရင်းဆေးဖြင့်ပြည်သူများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်ရန်နှင့် တိုင်းရင်းဆေးဝါးများ ထုတ်လုပ်မှုစနစ်နှင့် အရည်အသွေး ထိန်းချုပ်မှု တိုးမြှင့်ရေးအတွက် JICA Project အရ ဂျပန်နိုင်ငံသို့ သင်တန်းသားများစေလွှတ်ခြင်း။

 

၃။တိုင်းရင်းဆေးပညာဦးစီးဌာနမှ ASEAN အဖွဲ့ဝင်နိုင်ငံအနေဖြင့်လည်းကောင်း၊ BIMSTEC အဖွဲ့ဝင်နိုင်ငံအနေဖြင့်လည်းကောင်း၊ Mekong အဖွဲ့ဝင်နိုင်ငံအနေဖြင့် လည်းကောင်း တိုင်းရင်းဆေး ကဏ္ဍဆိုင်ရာ ပိုမိုတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း။

 

၄။မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ယူနန်တိုင်းရင်းဆေးတက္ကသိုလ်တို့ ပူးပေါင်း၍ နှစ်နိုင်ငံ တိုင်းရင်းဆေးပညာ ပူးပေါင်း ဆောင်ရွက် မှုများလုပ်ဆောင်ရန် “China-Myanmar Traditional Medicine Collaboration Center” ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေခြင်း။

 

၅။ASEAN အဖွဲ့ဝင်နိုင်ငံအနေဖြင့် TMHSPWG (Traditional Medicines and Health Supplements Product Working Group) နှင့် ဆက်စပ်အစည်းအဝေးများ ပုံမှန် တက်ရောက် ဆွေးနွေးခြင်း။

 

၆။တိုင်းရင်းဆေးပညာဦးစီးဌာနမှ အရည်အချင်းပြည့်မီသည့် ဝန်ထမ်းများအား ပြည်ပနိုင်ငံများသို့ပညာတော်သင်များ၊ အစည်းအဝေးများ၊ သင်တန်များ၊ လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း။

 

၇။Joint Action Plan (2018-2021) တွင် မြန်မာနှင့်ထိုင်းနိုင်ငံအကြား တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာကဏ္ဍများပူးပေါင်းဆောင်ရွက်ရန်ပါရှိခြင်း။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်