the republic of the union of myanmar

ministry of health

Department of Traditional Medicine

Who

ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန နှင့် အိန္ဒိယနိုင်ငံ AYUSH ဝန်ကြီးဌာနတို့သည် တိုင်းရင်းဆေးပညာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး MOU ကို (၂၈-၉-၂၀၁၆) ရက်နေ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်တွင် လက်မှတ် ရေးထိုး ထားခဲ့ပါသည်။

 

Tianjin University, China ၏ ဖိတ်ကြားမှုဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁)ဦးနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ (၃)ဦးတို့သည် ၂၀၁၇ ဧပြီတွင် ကျင်းပပြုလုပ်မည့် Seminor များသို့ တက်ရောက်လေ့လာကြမည့် ဖြစ်ပါသည်။

 

Yunnan University မှ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများအတွက် ဖွင့်လှစ်ပေးသည့် Training for China Traditional Yunnan University (၁)နှစ် သင်တန်းသို့ တိုင်းရင်ဆေးတက္ကသိုလ်မှ နည်းပြ(၁)ဦးနှင့် မကွေးတိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး(၁)ဦးတို့ကို စေလွှတ် ခဲ့ပါသည်။

 

WHO

Fellowship program: 3

Training for GMP production
Training for GMP Quality Control
Training for Medical Plant Tissue Culture သင်တန်းများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Ministry of Public Health ဌာန၏ Department များတွင် သွားရောက်သင်ယူကြပါမည်။

၂၀၁၆-၂၀၁၇ ရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် ကျန်းမာရေးစီမံချက်များ -

(၁) WHO အထောက်အပံ့ဖြင့် မှတ်ပုံတင်လျှောက်ထားလာသည့် ပုဂ္ဂလိက တိုင်းရင်းဆေးဝါး များအား စံချိန်စံညွှန်း တိုင်းတာစစ်ဆေးခြင်း

(၂) စျေးကွက်အတွင်း ရောင်းချနေသည့် တိုင်းရင်းဆေးဝါးများအား ကောက်ယူ၍ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း

(၃) တိုင်းရင်းဆေးပညာရှင်များအား စွမ်းရည်မြှင့် သင်တန်းပေးပို့ခြင်း

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်