the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဖွံ့ဖြိုးရေးဌာနစိတ်

 

၁။ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရန် တိုင်းရင်းဆေးပညာပေးသင်တန်းများကို ပြည်နယ်နှင့်တိုင်းများတွင် တိုင်းရင်းဆေးဖြင့်ပဏာမကျန်းမာရေးစောင့်ရှောက်မှု သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ တိုင်းရင်းဆေးအခြေခံပညာပေး ရက်တိုသင်တန်းများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး တိုင်းရင်းဆေးပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း။

 

၂။ တိုင်းရင်းဆေးပညာဆိုင်ရာ ကျန်းမာရေးပညာပေး တီဗွီဇာတ်လမ်းများ ရေးသားပြုစု ရိုက်ကူးထုတ်လွှင့်ခြင်း၊ နေပြည်တော်မြန်မာ့အသံ သုတအဖြာဖြာ တိုင်းရင်းဆေးပညာ အစီအစဉ်မှ ပညာပေး အသံလွှင့်ဟောပြောထုတ်လွှင့်ခြင်း။ MRTV၊ MITV တို့မှ တိုင်းရင်း ဆေးပညာဖြင့် ကျန်းမာရေးဟောပြောမှု့အစီအစဉ် စကားဝိုင်းများ၊ တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာအစီအစဉ်များ ပညာပေးဟောပြောထုတ်လွှင့်ခြင်း။

 

၃။ တိုင်းရင်းဆေးပညာဆိုင်ရာ ပိုစတာ၊ လက်ကမ်းစာစောင်နှင့် စာအုပ်စာပေများ ရေးသားပြုစုထုတ်ဝေခြင်း။

 

၄။ တိုင်းရင်းဆေးပညာဆိုင်ရာ ရှေးဟောင်း ပေ၊ ပုရပိုက်၊ ဆေးကျမ်း၊ စာပေ၊ လက်ရေးမူ နှင့်အထောက်အထားများ စုဆောင်းရှာဖွေခြင်း၊ စာပေသုတေသနပြုလုပ်ခြင်းနှင့် သုတေသနဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရခြင်း။

၅။ တိုင်းရင်းဆေးသမားတော်များညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ ကျင်းပပြုလုပ်ပေးရာတွင် ပါဝင်ဆောင်ရွက်ရခြင်း။

 

၆။ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲများတွင် သုတေသနစာတမ်းများ၊ ပိုစတာများ တင်သွင်းဖတ်ကြားနိုင်ရန်ဆောင်ရွက်ရခြင်း။

 

၇။ ဆေးရုံများတွင် C.T.M.E အစီအစဉ်များ တစ်လလျှင်တစ်ကြိမ် ဆောင်ရွက်ရန်နှင့် ကုထုံးကုနည်းနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်သောကုထုံးသစ်များ ပေါ်ထွက်လာစေရန် ဆောင်ရွက်ခြင်း။

 

၈။ တိုင်းရင်းဆေးပညာနှီးနွယ်သည့် စာပေများအား ဖတ်ရှုစိစစ်၍ သဘောထားမှတ်ချက် တင်ပြရခြင်း။နေ့စဉ်ထုတ်သတင်းစာ၊ အပတ်စဉ်ထုတ်ဂျာနယ်၊ လစဉ်ထုတ် မဂ္ဂဇင်းများနှင့်ကျန်းမာရေး မဂ္ဂဇင်းများတွင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဆောင်းပါးများ ရေးသားခြင်း။

 

၉။ TV၊ Radio၊ စာနယ်ဇင်းတို့တွင် ကြော်ငြာသော တိုင်းရင်းဆေးဝါး ကြော်ငြာများအား စိစစ်၍ သဘောထားမှတ်ချက်တင်ပြခြင်း။

 

၁၀။ အခါအားလျော်စွာ ကျင်းပသည့် ပြပွဲများတွင် ပြခန်းများ ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း။

 

၁၄။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင်ပါဝင်သော တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ သတင်းများ၊ ဓာတ်ပုံများအား တင်ပြရခြင်း။

 

၁၅။ ဖွံ့ဖြိုးရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်ချက်များအား ဌာန၏ website  ပေါ်တွင် ဖော် ပြ နိုင်ရန် ပေးပို့တင်ပြခြင်း။ 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်