the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကုသရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှု

 

၁။ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များတွင် ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ (၃) ရုံ၊ ခုတင်(၅၀) ဆံ့တိုင်းရင်းဆေးရုံ (၉) ရုံ၊ (၂၅) ခုတင်ဆံ့ တိုင်းရင်း ဆေးရုံ (၉) ရုံ၊ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၁၉) ရုံ၊ စုစုပေါင်း တိုင်းရင်းဆေးရုံ (၄၀)ရုံ၊ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံး (၅၀) ရုံး၊ မြို့နယ်တိုင်းရင်းဆေးကုဌာန (၂၁၀) ခန်း ဖွင့်လှစ်၍ ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက် ပေးလျက်ခြင်း။

 

၂။ လစဉ် ပြည်နယ်/တိုင်းဒေသကြီး/ဆေးရုံများမှပေးပို့သော လူနာလချုပ်များအား စာရင်းပြုစု ခြင်း၊ ကုသရေးလချုပ်ပေးပို့ရာတွင် ရောဂါအမည်များ တပြေးညီဖြစ်စေရန်နှင့် စနစ်ကျစေရန် အတွက် ICD 10 ဖြင့်ပေးပို့နိုင်ရန်အတွက် ပြုစုဆောင်ရွက်ပေးခြင်း။ ကျေးရွာ၊ ရပ်ကွက် များသို့ ကွင်းဆင်းဆေးကုသမှုပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အခမ်း အနားပွဲများတွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ အမျိုးသားစီမံကိန်း ရည်မှန်းချက်အပေါ် ပထမ (၃)လပတ်၊ (၆)လပတ်၊ တတိယ (၃)လပတ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများ ပြုစုပေးပို့ဆောင်ရွက်ခြင်း။

 

၃။ ကုသရေးနှင့်ဆိုင်သော ဝန်ထမ်းအင်အားစာရင်း (ခွင့်ပြု၊ ခန့်ထား၊ လစ်လပ်) အား ပြုစုခြင်း၊ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်တိုးတက်ရေး ဆွေးနွေးပွဲများပြုလုပ်ရန် အစီရင်ခံတင်ပြရန်ကိစ္စဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ပါက ကယ်ဆယ်ရေး စခန်းများတွင်သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆေးဝါးများထောက်ပံ့မှု ပေးခြင်းတို့ကို ဆောင်ရွက်ခြင်း။

 

၄။ တိုင်းရင်းဆေးဆရာ/ဆရာမများ၏ ကုသမှုစွမ်းရည်တိုးတက်စေရန်အတွက် မြစ်ကြီးနား၊ မန္တလေးနှင့် ရန်ကုန်မြို့ကြီးများတွင် ဒေသနာနယပညာနှင့် အကြောပညာသင်တန်းများ ပို့ချခြင်းများ စီစဉ်ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုစီမံချက်နှင့်ပတ်သက်၍ လိုအပ်သည့် အချက်အလက်များပြုစုပေးပို့ခြင်း။ အာဟာရပညာပေးစားသောက် နည်းလမ်းညွှန်စာအုပ်အတွက် တိုင်းရင်းဆေးပညာရပ်မှ သဘောထားမှတ်ချက်ပေးပို့ခြင်း၊ ပြည်သူများကျန်းမာရေးစောင့်ရှောက်လွမ်းခြုံမှု ပိုမို ကောင်းမွန်စေရေးဆွေးနွေးပွဲများတွင် ကျန်းမာရေးနှင့်ပတ်သက်၍ ပြည်သူ၏အသံအား နားထောင်ဆန်းစစ်တင်ပြရန် ကိစ္စဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေး (တိုင်းရင်းဆေး) ပညာပေးလက်စွဲ စာအုပ်ပြုစုရေး စီမံချက် (မူကြမ်း) တင်ပြဆောင်ရွက်ခြင်း။

 

၅။ သက်ကြီးရွယ်အိုဆိုင်ရာဥပဒေနှင့် အမျိုးသားသက်ကြီးမူဝါဒ ဖော်ဆောင်ရေးလုပ်ငန်းတွင် ဆွေးနွေးဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) လုပ်ငန်းအတွက် ဆွေးနွေးဆောင်ရွက်ခြင်း၊ တိုင်းရင်းဆေး စံချိန် စံညွှန်းရေးဆွဲရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း စာအုပ်ရေးသားရာတွင် ပါဝင် ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများပေါ်ပေါက်လာစေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်ရခြင်း။

 

၆။ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များအရ Hospital Statistics တွက်ချက် တင်ပြဆောင်ရွက်ခြင်း၊ ပြည်ထောင်စုနေ့စဉ်သတင်းစာမှ ကုသရေးဆိုင်ရာ မေးမြန်းလာခြင်းအား ဖြေကြားခြင်း၊ ပြည်သူ့လွှတ်တော်မှ မေးမြန်းလာသော ကုသရေးဆိုင်ရာ ကြယ်ပွင့်ပြ မေးခွန်း များ အားဖြေကြားခြင်း။

 

၇။ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲကျင်းပနိုင်ရေးအတွက်ဆောင်ရွက်ခြင်း၊ လူကြီးခရီးစဉ်များအတွက် ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များ ပြုစုပေးပို့ဆောင်ရွက်ခြင်း၊ လူကြီးခရီးစဉ်လမ်းညွှန်မှာကြားချက်များကို လိုက်နာ ဆောင်ရွက်နိုင်ရန် ပြည်နယ်/ တိုင်းဒေသကြီးများသို့ အကြောင်းကြားဆောင်ရွက်ခြင်း။

 

၈။ တိုင်းရင်းဆေးဝါးများ ချိန်တွယ်ရာတွင် မက်ထရစ်စနစ်ဖြစ်သည့် ကီလိုဂရမ်၊ မီလီဂရမ်မှ မြန်မာဆယ်လီမူးစနစ်ဖြစ်သည့် ပိဿာ၊ ကျပ်သား၊ ပဲသို့ ပြောင်းလဲအသုံးပြုရန်အတွက်ဆောင်ရွက်ခြင်း၊ ပြည်နယ်၊ တိုင်းဒေသကြီးများရှိ ဆေးရုံ၊ ဆေးခန်းများ၏ ဝန်ထမ်းအိမ်ယာနှင့် အိမ်ခန်းများ စာရင်းပြုစုခြင်း။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်