the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှကြီးမှူးကျင်းပသော စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာ ပေးရေးအစီအစဉ် (CTME )အခမ်းအနားကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှကြီးမှူးကျင်းပသော စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာ ပေးရေးအစီအစဉ် (CTME)ကို ၂၂-၃-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁း၀၀)နာရီအချိန်တွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ပုသိမ်မြို့၌ ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းမှ ဆရာကြီးဦးသိန်းထွန်းဝင်းက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်းမှဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားတွင် မီးယပ်ဖြူဆင်းရောဂါစာတမ်းကို (၁‌၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ကျုံပျော်မြို့မှ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ယုယုကြွယ်မှ ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများမှ စာတမ်းနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြပါသည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဝင်များ ခရိုင်၊ မြို့နယ် တိုင်းရင်းဆေး ကုဌာနမှ ဆရာ၊ဆရာမများစုစုပေါင်း(၄၅)ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားကို ညနေ(၃:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ