the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး ၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် "အအေးမိ၊ နှာစေး၊ နှာရည်ယိုခြင်း၊ အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုး ခြင်းလက္ခဏာများအား လေ့လာတင်ပြခြင်းနှင့် တိုင်းရင်းဆေးပညာ" ခေါင်းစဉ်

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေ့လယ် (၂:၀၀) နာရီ တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါအခမ်းအနားတွင် သဘာပတိများအဖြစ် ရွှေမန်းတောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီး      ဦးခင်မောင်ဝင်း နှင့် ကေသီပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ ဆရာကြီး ဦးကြည်စိုးတို့က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်မှ  ဒေါ်မြတ်ဆုနှင်း (ဒုတိယ တိုင်ရင်းဆေးမှူး) နှင့် ဒေါ်မြင့်ဇာလီအုန်း (ဒုတိယတိုင်းရင်းဆေးမှူး) တို့က ဆောင်ရွက်ခဲ့ပါသည်။

 

အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်မှ  မှ စာတမ်းရှင် ဒေါ်သဉ္ဇာထွန်း (ဒုတိယ တိုင်းရင်းဆေးမှူး)က အအေးမိ၊ နှာစေး၊ နှာရည်ယိုခြင်း၊ အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများအား လေ့လာတင်ပြခြင်းနှင့် တိုင်းရင်းဆေးပညာအကြောင်းကို ဖတ်ကြားဆွေးနွေးပြီး မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ/ဆရာမ (၁၈)ဦး၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ နှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆရာကြီး (၂)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဆရာ၊ ဆရာမ (၁)ဦး၊ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန် မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ၊ဆရာမ (၄၂)ဦး စုစုပေါင်း (၆၃) ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါ သည်။

စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၂၀၀,၀၀ဝိ/-)၊ ဆရာကြီးဦးခင်မောင်ဝင်း (ရွှေမန်းတောင် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၁၀၀,၀၀ဝိ/-)၊ ဦးကြည်စိုး (ကေသီပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၁၀၀၀၀ဝိ/-)၊ ဦးအောင်မြတ်ကျော် (မဟိဒ္ဓိတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၅၀၀၀ဝိ/-)တို့အား ဆုချီးမြှင့်ခဲ့ကြပါသည်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာဦးမောင်မောင်ဦး ( ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) နှင့် ဆရာဦးထွန်းရွှေ (ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ပံ့ပိုးကူညီခဲ့ကာ အခမ်းအနားကို ညနေ (၃:၄၅) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ