the republic of the union of myanmar

ministry of health

Department of Traditional Medicine

Latest news

ဆောင်ရွက်ချက်များ

လက်ထောက်တိုင်းရင်းဆေးမှူး (လစာနှုန်း၊ ၂၁၆၀၀ဝိ-၂၀၀၀-၂၂၆၀၀ဝိ) ရာထူးနေရာများတွင် လျှောက်ထားသူများအား ရွေးချယ်ခန့်ထားရန်အတွက် အရည်အချင်းစစ် ရေးဖြေနှင့် နှုတ်ဖြေ စစ်ဆေးမည့် အစီအစဉ်အား ထုတ်ပြန်ကြော်ငြာအပ်ပါသည်- 

ဆက်လက်ဖတ်ရှုပါ

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် လက်ထောက်တိုင်းရင်းဆေးမှူး(လစာနှုန်း၊ ၂၁၆၀၀ဝိ-၂၀၀၀-၂၂၆၀၀ဝိ)ရာထူးနေရာများတွင် ရွေးချယ် ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ်စာမေးပွဲ ရေးဖြေ ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းကို အောက်ဖော်ပြပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်-

ဆက်လက်ဖတ်ရှုပါ

ကရင်ပြည်နယ် ခုတင်၅၀ဆံ့ ဘားအံတိုင်းရင်းဆေးရုံမှ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးရေး အစီအစဉ် (C T M E)အခမ်းအနားကို ၂၂-၉-၂၀၂၃ ရက်နေ့တွင် ခုတင်၅၀ဆံ့ဘားအံတိုင်းရင်းဆေးရုံ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှကြီးမှူး ကျင်းပသော စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးရေးအစီအစဉ် (C T M E)အခမ်းအနားကို ၁၉-၉-၂၀၂၃ ရက်နေ့ နေ့လယ် (၁း၀၀) နာရီအချိန်တွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးဆရာအသင်းဝင် ဆရာကြီဦးမြင့်ဝေ မှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်း ကဆောင်ရွက်ခဲ့ပြီး      လက်ကပ်ရောဂါစာတမ်းကို မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဌေးမှ ဖတ်ကြား၍ တက်ရောက်လာ‌သောဆရာ/ဆရာမများမှ စာတမ်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ (၃း၀၀) နာရီ အချိန်တွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်တိုင်းရင်းဆေးရုံ၌ ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှုး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၁၆-၉-၂၀၂၃ ရက်နေ့တွင် ညောင်လေးပင်တိုင်းရင်းဆေးရုံ၌ စဥ်ဆက်မပြတ် ပညာပေးရေးအစီအစဥ် (CTME) အခမ်းအနားကိုပြုလုပ်ရာ သဘာပတိအဖြစ် ဒုတိယဆေးရုံအုပ် ဒေါ်ရီရီဝင်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှုးအဖြစ် အကြီးတန်းစာရေး ဒေါ်ခိုင်သဇင်ဦးမှ ဆောင်ရွက်ကာ လက်ကပ်ရောဂါစာတမ်းအား ရွှေကျင်မြို့နယ် တိုင်းရင်းဆေးမှုး ကိုယ်စား ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်ခင်ထွန်းဦးမှ ဖတ်ကြားတင်ပြခဲ့ပြီး အခမ်းအနားသို့  တက်ရောက်သူ ဦးရေမှာ (၁၅) ဦး ရှိပါကြောင်း သိရှိရသည်။

 

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်